D ဇင်ဘာ

နှုတ်ဆက်တယ်ဒီဇင်ဘာ…သွေးအလိမ်းလိမ်းနဲ့  ၂၀၀၈ ကိုလေ…

နောက်ဆုံးပေါ်ဇီဝနည်းပညာပင်စိုက်ခဲ့တယ်….

လူတစ်လုံးသူတစ်လုံးဖြစ်အောင်…

တကယ်ဆို

Blog တစ်ခုရှိတာနဲ့ ကို ကိုယ့်ဘ၀ ပြည့်စုံးပြီးသားပါ ဒီဇင်ဘာ…

နှစ်ပေါင်းများစွာမင်း ရိုးရာမပျက် မင်း အေးလာခဲ့တာ….

Global ဒီဇင်ဘာ Warming မှ ခဏတော့နားခိုပါ…

သူတို့ ခမြာ ရာစုနှစ်များစွာ တောင့်တင်းနေခဲ့ရတာ..

ပျော်ဝင်စီးဆင်းပါစေကွဲ့ 

ရေခဲမြစ်တွေကိုလေ…

သစ္စာမြစ်တွေကိုတော့ ထားခဲ့ပါ

ဒီဇင်ဘာမှန်း နောက်နှစ်တွေမှာ သက်သေပြရဦးမယ်…

စွမ်းအင်ကိစ္စကို မင်းလက်ညိုးမထိုးနဲ့ လေ..

ဒီပလိုမာဆို တာ

ဇင်ဘာဘွေမှာ လည်းရှိတာပဲ

ဘာ ဆန်းလို့ လဲ….

မင်းမငြင်းနဲ့  …

မင်းလဲ အီရတ်စစ်ကိုထောက်ခံခဲ့တာပဲ..

အခုမှ ခေတ်ကာလနဲ့ မကိုက်ညီဘူးဆိုပြီး၊ မင်းရင်ကိုဒီထက်ဟိုက်မပစ်လိုက်နဲ့ …

ဒုံးကျည်တွေပဲ နောက်ထပ်ဝင်လာဘို့ ရှိတယ်..

ခွဲစိတ်ပြုပြင်တာတွေကိုစိတ်မ၀င်စားပါနဲ့ ဒီဇင်ဘာ

ဆောင်းသိုးသိုးတွေနဲ့ ကို တစ်ဘ၀စာဆိုတာ လုံလောက်ပါတယ်…

အိမ်ကိုမလွမ်းဘူးလားကွာ…

နောက်နှစ်မှာ အရောင်းမြှင့်တင်ရေးတွေနဲ့ ပြန်လာပါဒီဇင်ဘာ…

*တောကျောင်းဆရာရဲ့ ဒီဇင်ဘာကိုဖတ်မိရာက ဆင့်ပွားခံစားချက်ဖြစ်ပါသည်၊၊

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: