Posted on December 31, 2008 by aungkyawsan
နှုတ်ဆက်တယ်ဒီဇင်ဘာ…သွေးအလိမ်းလိမ်းနဲ့  ၂၀၀၈ ကိုလေ…
နောက်ဆုံးပေါ်ဇီဝနည်းပညာပင်စိုက်ခဲ့တယ်….
လူတစ်လုံးသူတစ်လုံးဖြစ်အောင်…
တကယ်ဆို
Blog တစ်ခုရှိတာနဲ့ ကို ကိုယ့်ဘ၀ ပြည့်စုံးပြီးသားပါ ဒီဇင်ဘာ…
နှစ်ပေါင်းများစွာမင်း ရိုးရာမပျက် မင်း အေးလာခဲ့တာ….
Global ဒီဇင်ဘာ Warming မှာ ခဏတော့နားခိုပါ…
သူတို့ ခမြာ ရာစုနှစ်များစွာ တောင့်တင်းနေခဲ့ရတာ..
ပျော်ဝင်စီးဆင်းပါစေကွဲ့ 
ရေခဲမြစ်တွေကိုလေ…
သစ္စာမြစ်တွေကိုတော့ ထားခဲ့ပါ…
ဒီဇင်ဘာမှန်း နောက်နှစ်တွေမှာ သက်သေပြရဦးမယ်…
စွမ်းအင်ကိစ္စကို မင်းလက်ညိုးမထိုးနဲ့ လေ..
ဒီပလိုမာဆို တာ
ဇင်ဘာဘွေမှာ လည်းရှိတာပဲ
ဘာ ဆန်းလို့ လဲ….
မင်းမငြင်းနဲ့  …
မင်းလဲ အီရတ်စစ်ကိုထောက်ခံခဲ့တာပဲ..
အခုမှ ခေတ်ကာလနဲ့ မကိုက်ညီဘူးဆိုပြီး၊ မင်းရင်ကိုဒီထက်ဟိုက်မပစ်လိုက်နဲ့ …
ဒုံးကျည်တွေပဲ နောက်ထပ်ဝင်လာဘို့ ရှိတယ်..
ခွဲစိတ်ပြုပြင်တာတွေကိုစိတ်မ၀င်စားပါနဲ့ ဒီဇင်ဘာ
ဆောင်းသိုးသိုးတွေနဲ့ ကို တစ်ဘ၀စာဆိုတာ လုံလောက်ပါတယ်…
အိမ်ကိုမလွမ်းဘူးလားကွာ…
နောက်နှစ်မှာ အရောင်းမြှင့်တင်ရေးတွေနဲ့ ပြန်လာပါဒီဇင်ဘာ…
*တောကျောင်းဆရာရဲ့ ဒီဇင်ဘာကိုဖတ်မိရာက ဆင့်ပွားခံစားချက်ဖြစ်ပါသည်၊၊
Filed under: အထွေထွေအကြောင်းအရာများ | Leave a Comment »
Posted on December 19, 2008 by aungkyawsan
ကျွန်တော်တို့ က သမားရိုးကျ အတွေးတွေထဲမှာ ပတ်ချာလည်ပြီး သမားရိုးကျ အတွေပဲ တွေးတတ်ကြပါတော့တယ်၊ ပြောင်းပြန်လှန်ပြီး မတွေးတတ်ဘူး၊၊ ကြားဖောက်ပြီး မတွေးတတ်ဘူး၊၊ ဘေးကနေ မတွေးတတ်ဘူး၊၊
ကျွန်တော်တို့ ပုဆိုးဝတ်တယ်ဆိုရင်..ပုဆိုးဝတ်တယ်လို့ ပဲတွေးတတ်တယ်၊၊ ပုဆိုးထဲ လူဝင်လိုက်တယ်လို့ မတွေးတတ်ဘူး၊၊ တကယ်တော့ ပုဆိုးထဲ လူဝင်လိုက်တာပါပဲ၊၊
ဆရာဦးအောင်သင်း
Filed under: အတွေးအမြင်, အထွေထွေအကြောင်းအရာများ | Leave a Comment »
Posted on December 19, 2008 by aungkyawsan
အခါတစ်မှားမှာ ဘုရင်ကြီးတစ်ဦက ဒီလို မိန်တော်မူပါသတဲ့ …
“အားလုံးသောလူတွေဟာ လူလိမ်တွေချည်းပဲ”………….
အဲဒီအခါမှာ ယုတ္တိဗေဒ ပညာရှင်တစ်ယေက်ကကြားတော့
“ဘုရင်မင်းမြတ်ရဲ့ အဆိုကို မှန်တယ်လို့ ပဲဆိုကြပါစို့ ”…လို့ ပြောပြီး ဆင်ခြေတစ်ထုံးကိုဖွဲ့  လိုက်သတဲ့၊၊ သူ့ ဆင်ခြေက………..
“ဘုရင်မင်းမြတ်က ‘အားလုံးသော လူတို့ သည် လူလိမ်များဖြစ်ကြသည်’ ဟုဆိုသည်၊၊ သို့ သော် ဘုရင်မင်းမြတ်သည်လည်းလူတစ်ယောက်ဖြစ်သည်၊၊ လူလိမ်ပြောသော စကားတို့ သည် မမှန်၊၊ ထို့ ကြောင့် အားလုံးသော လူတို့ သည် လူလိမ်များဖြစ်ကြသည်ဆိုသော အဆိုသည်မမှန်၊၊ ထို့ ကြောင့် အားလုံးသသော လူတို့ သည် လူလိမ်များ မဟုတ်ကြ” လို့ လျောက်လဲချက်ပေးသတဲ့၊၊
Filed under: အတွေးအမြင်, အထွေထွေအကြောင်းအရာများ | Leave a Comment »
Posted on October 9, 2008 by aungkyawsan
Words of wisdom: I’ve learned that ……
I’ve learned that you cannot make someone love you. All you can do is be someone who can be loved. The rest is up to them.
I’ve learned that it takes years to build up trust, and only seconds to destroy it.
I’ve learned that it’s not what you have in [...]
Filed under: အထွေထွေအကြောင်းအရာများ | 2 Comments »