နှစ်တစ်နှစ်ရဲ့ အခု လပိုင်းတွေဟာ နိုင်ငံတကာမှာ ကျောင်းတက်လိုသူတွေနဲ့ ကျောင်း အေးဂျင့်တွေ အလုပ်များတဲ့ အချိန်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံတကာက များစွာသော ကျောင်းတွေရဲ့ ကျောင်းဖွင့် ရာသီ အတော်များများဟာ သြဂုတ်၊ စက်တင်ဘာလတွေမှာ ဖြစ်ပေမယ့် ကျောင်းဝင်ခွင့် လျှောက်လွှာတွေကိုတော့ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ တချို့ဆိုရင် ဒီဇင်ဘာလ ကုန်လောက်တောင် နောက်ဆုံးထားပြီး ပေးပို့ ရတာ တွေ့ရှိသလိုပဲ။ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ လောက်မှာ ဖွင့်တဲ့ Mid-Year Intake အတွက်လည်း ဒီလတွေမှာ အပြီး လျှောက်ရတာတွေ ရှိတတ်ပါတယ်။
နိုင်ငံတကာမှာ ပညာရေးကို စီးပွားရေး ဈေးကွက် တစ်ခု၊ နိုင်ငံခြားငွေရှာတဲ့ လုပ်ငန်းကြီး တစ်ခုအနေနဲ့ ရပ်တည်နေတာ နှစ်ပေါင်း အတော်လေး ကြာနေပါပြီ။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများမှာ အထူးသဖြင့် [...]
Filed under: ပညာရေး | 1 Comment »